Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးရန် တောင်းဆိုဆန္ဒပြနေ

၂၀၂၆၊ဖေဖော်ဝါရီလ၊၂၃ရက်

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း၊ အမှတ် ၄၉ မှာ ဖွင့်လှစ်ထားတဲ့ SANYAN OUTDOOR Co,. Ltd က အလုပ်သမားများဟာ စက်ရုံတွင်းလုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုကို ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) နံနက်ပိုင်းက စတင်ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

စက်ရုံမှ အလုပ်သမား (၇၀၀) ခန့်ဟာ ယနေ့ နံနက် (၈) နာရီဝန်းကျင်ခန့်က တောင်းဆိုမှုကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေးကြေး ၁၂၅၀၀ကျပ် တိုးမြှင့်ပေးရန်၊OT ကြေး၂၅၀၀ကျပ် တိုးပေးရန်၊ ရက်မှန်ကြေးကို၆၀၀၀၀ကျပ်သို့တိုးပေးပြီး ၁၅ ရက်တစ်ကြိမ် ရှင်းပေးရန်၊ အထည်ကြေးကိုလည်း( A+ အား၂သိန်းကျပ် ၊ A ဆိုလျှင် ၁၅၀၀၀၀ကျပ်၊ B ဆိုလျှင် တစ်သိန်း ကျပ်နှင့် C ဆိုပါက ငါးသောင်းကျပ်) တိုးမြှင့်ပေးရန်နှင့် ဂရိတ်ကြေးကိုလည်း A + ဆိုပါက ၁၈၀၀၀၀ ကျပ် ၊ A ဆိုပါက ၁၅၀၀၀၀ ကျပ် ၊ B ဆိုပါက ၁၀၀၀၀၀ကျပ် နှင့် C ဆိုလျှင်၇၀၀၀၀သို့ တိုးမြှင့်ပေးရန် တောင်းဆိုလျှက်ရှိကြောင်းသိရပါတယ်။

SANYAN OUTDOOR Co,. Ltd ဟာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလမှ စတင် လုပ်ကိုင်ခဲ့တဲ့ အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်ပြီး Sinsay, SNSY OUT WERE, SINSAY MENS စတဲ့ Brand များကို ချုပ်လုပ်လျက်ရှိတာ ဖြစ်ပါတယ်။