Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Sky Villaအဆောက်အဦးအောက်မှ ရွှေ ၈၈ကျပ်သားနဲ့ ကျပ်သိန်း ၂၈၀ကျော် အပါအဝင် တန်ဖိုးကြီးပစ္စည်းများစွာ တွေ့ရှိ

၂၀၂၅၊ဇွန်လ၊၂၄ရက်

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေး Sky Villa အဆောက်အဦးအောက်ကနေ ရွှေ ၈၈ကျပ်သားနဲ့ ကျပ်သိန်း ၂၈၀ကျော် အပါအဝင် တခြား တန်ဖိုးကြီး ပစ္စည်းများစွာတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က Sky Villaအဆောက်အဦးရဲ့ B အဆောင်၊ အခန်းအမှတ် L9ကနေ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မြန်မာငွေ ၂၈,၅၀၀,၀၀၀ ကျပ် (နှစ်ရာရှစ်ဆယ့်ငါးသိန်း)၊ရွှေ ၁၀ ကျပ်သား (၈) တုံး၊ရွှေ ၁ ကျပ်သား (၆) တုံး၊ရွှေ ၂ ကျပ်သား (၁) တုံး၊ရွှေကလစ် (၁) ခု၊ရွှေနားကပ် (၆) ရံ၊ရွှေလက်စွပ် (၁၇) ကွင်း၊ရွှေဆွဲသီး (၅) ခု၊ရွှေဟန်းချိန် (၁) ခု၊ရွှေလက်ကောက် (၂၁) ကွင်း၊ရွှေဆွဲကြိုး (၁၀) ကုံး၊စိန်နားကပ် (၁) ခု၊စိန်ဆွဲသီး (၁) ခု၊စိန်လက်စွပ် (၁) ကွင်း၊ပတ္တမြားကြယ်သီး (၅) ခု၊တ္တမြားနားကပ် (၁) ရံ၊ဘဏ်စာအုပ် (၃) အုပ်၊မှတ်ပုံတင် (၂) ခု၊အိမ်ထောင်စုဇယားမူရင်း (၁) ခု၊ဖုန်းအပျက် (၁) လုံးတို့်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ငွေသားနဲ့ တန်ဖိုးကြီး ပစ္စည်းများကို ပစ္စည်းလက်ခံလွဲပြောင်းရေးအဖွဲ့မှ တဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#MERCURY#mercurynews#မြန်မာ#ငလျင်#skyvilla#ပြည်တွင်းသတင်း