ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များခဲ့တဲ့ မန္တလေး Sky Villa အဆောက်အဦးကနေ ယနေ့ မေလ၂၇ရက်နေ့မှာ ရုပ်အလောင်း ၃လောင်းထပ်မံ တွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Sky Villa အဆောက်အဦးရဲ့ (B) အဆောင်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ကပ်ဆယ်ရေး အဖွဲ့ တွေက ဖယ်ရှားရှင်းလင်းခြင်းနဲ့ ရုပ်အလောင်းထုတ်ယူတာတွေလုပ်ကြရာ အခန်းအမှတ် J 4မှ အမျိုးသမီး ရုပ်အလောင်း ၃လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ Sky Villa အဆောက်အဦးဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေထဲမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးနဲ့ လူအေ-သအပျောက် အများဆုံး အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။
ဓါတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
#mercury#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း