Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Southwest လေကြောင်းလိုင်းက လေယာဉ်မှူးခန်းတံခါးအတွက် ဒုတိယလုံခြုံရေးအတားအဆီးကို စတင်တပ်ဆင်

Southwest လေကြောင်းလိုင်းဟာ သူတို့ရဲ့ အသစ်စက်စက်လေယာဉ်တွေမှာ ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးတွေအတွက် လေယာဉ်မှူးခန်းတံခါးဖွင့်တဲ့အခါ လုံခြုံရေးအတွက် အတားအဆီးတစ်ခုကို တပ်ဆင်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလိုတပ်ဆင်ထားတဲ့ ပထမဆုံး Boeing 737 လေယာဉ်ဟာ အလုပ်သမားနေ့အားလပ်ရက်အတွက် စတင်ပျံသန်းခဲ့တာကြောင့် အမေရိကန်လေကြောင်းလိုင်းတွေထဲမှာ ပထမဆုံးအသုံးပြုသူတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

လေယာဉ်လုပ်သားသမဂ္ဂတွေဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွေဖြစ်ပြီးကတည်းက လေယာဉ်မှူးတွေဟာ အိမ်သာသွားလိုတဲ့အခါမျိုးမှာ လေယာဉ်ခန်းတံခါးကို ဖွင့်ရတဲ့အတွက် လေကြောင်းလုံခြုံရေးအတွက် အားနည်းချက်တစ်ခုဖြစ်လာနိုင်တာကြောင့် လေယာဉ်ပျံသန်းရေးနေရာရဲ့ လုံခြုံရေးအတွက် ဒုတိယအတားအဆီးတစ်ခု လိုအပ်ကြောင်း အစဉ်တစိုက် တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

တကယ်တော့ ခိုင်မာတဲ့တံခါးမဟုတ်ဘဲ ဂိတ်ပုံစံနဲ့ပိုတူတဲ့ ဒီလို “ဒုတိယအတားအဆီး” ကို ၂၀၂၃ ခုနှစ်ကတည်းက ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး (FAA) က စည်းမျဉ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ဒီနွေရာသီကစပြီး လေယာဉ်အသစ်အားလုံးမှာ တပ်ဆင်ရမှာဖြစ်ပေမဲ့ Southwest လေကြောင်းလိုင်းဟာ ဒီစည်းမျဉ်းကို တစ်နှစ်နောက်ဆုတ်ပြီးမှ အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။

#mercury#mercurynews#လေယာဉ်#နိုင်ငံတာသတင်း#Southwest