Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေး

ရေဘေးသင့်ပြည်သူတွေအတွက် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချမဲ့ထွန်းထွန်းမင်း

၂၀၂၄၊စက်တင်ဘာလ၊၁၃ရက် မြန်မာနိုင်ငံအနှံ့က ရေဘေးသင့်ဒေသများကို လှူဒါန်းနိုင်ဖို့အတွက် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချသွားမယ်လို့ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက သူ့ရဲ့facebookစာမျက်နှာကနေတဆင့် တရားဝင် ကြေညာလိုက်ပါတယ်။

တောင်ငူတွင် ရေဘေးသင့်သူ(၁)သိန်းခန့်ရှိပြီးအကူအညီများလိုအပ်‌နေ၊

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက် စစ်တောင်းမြစ်ရေကြီးနေတဲ့အတွက် တောင်ငူမှာရေဘေးသင့်သူ(၁)သိန်းကျော်ခန့်ရှိတယ်လို့ တောင်ငူအခြေစိုက်Save The Trees Recuse Teamလူမှုကူညီရေးအဖွဲ့မှသိရပါတယ်။ တောင်ငူရှိကျေးရွာ(၂၀)ကျော်၊ရပ်ကွက်(၈)(၉)(၁၀)(၁၁)(၁၂)ရပ်ကွက်တွေမှာရေကြီးနေတာဖြစ်ပါတယ်။ ‘‘ရွာဘက်တွေဆိုရင်တော့ သဖန်းပင်၊မြတောင်၊

ပေါင်းလောင်းရေလှောင်တမံ‌ ရေပြည့်အမှတ်ထက်(၆)ပေ ကျော်လွန်နေ

———————————————————————————- ၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက် နေပြည်တော်ရှိ ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်အထက် (၆)ပေကျော်လွန်ပြည့်လျှံနေပြီး ရေပိုလွှဲမှရေကျော်ကျဆင်းနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၁၁)ရက်မနက်(၆)နာရီတိုင်းတာချက်တွေအရ နေပြည်တော်ရှိ

ချင်း၊ရခိုင်၊စစ်ကိုင်း၊မကွေးတိုင်းဒေသကြီးများ မိုးသည်းထန်ပြီး သဘာဝဘေးတွေ့နိုင်

————————————————————————— ၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက် လေပွေလှိုင်းတွေကြောင့် မန္တလေးတိုင်းမှာ ဆည်ရေလျှံတာ၊ နေပြည်တော်မှာရေကြီးနစ်မြုပ်တာတွေ ကြုံတွေ့ ခဲ့ရပြီးနောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ

ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လူ(၁၀)ဦး ရေနှင့်မျောပါ အသက်ဆုံးရှုံး

=============================== ၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက် မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုအများစုဟာ ရေဘေးသင့်နေပြီး လူ၁၀ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဉီးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။