Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

TikTok ဆော့သည့်ရဟန်းတစ်ပါး ဖမ်းဆီးအရေးယူခံရ

မန္တလေးမြို့မှာ TikTok လူမှုကွန်ရက်အသုံးပြုပြီး သီချင်းများနဲ့ ကစားနေတဲ့ ရဟန်းတစ်ပါးကို သံဃနာယကအဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၈ ရက်) တွင် လူဝတ်လဲပြီး အရေးယူခဲ့ကြောင်း သိရပါတယ်။

တာဝန်သိပုဂ္ဂိုလ်များက မြို့နယ်သံဃနာယကအဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

TikTok ဆော့ကစားသည့် ရဟန်းရဲ့ ဘွဲ့တော်မှာ ဦးသုန္ဒရဖြစ်ပြီး လူအမည်မှာ ကိုကျော်စိုးဦး (၄၁ နှစ်) ဖြစ်ကာ သိက္ခာ ၄ ဝါ ရှိပြီဖြစ်ပါတယ်။ မန္တလေးမြို့သို့ စစ်ဘေးရှောင်လာသည့် ဧည့်သည်ရဟန်းတစ်ပါးဖြစ်ကြောင်း သိရပါတယ်။

လူဝတ်လဲပြီးနောက် သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူသွားရန်ရှိကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့စွဲဖြင့် ရဟန်း၊ သာမဏေနဲ့ သီလရှင်များအနေဖြင့် လူမှုကွန်ရက်တွင် သာမဏေအသွင်မဖြစ်စေသည့် အပြုအမူများ (ဥပမာ- ဆိုခြင်း၊ ကခြင်း) တို့ကို မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ရဟန်း