Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

USAIDကို တရားဝင် ပိတ်သိမ်းပြီးနောက် သမ္မတထရမ့်အစိုးရဝေဖန်မှုများနဲ့ ရင်ဆိုင်နေရ

၂၀၂၅၊ဇူလိုင်လ၊၃ရက်

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID (United States Agency for International Development) ကို သမ္မတ ဒေါ်နယ်လ် ထရမ့်က ငွေကြေးဖြုန်းတီးမှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ပြီးနောက် တဖြည်းဖြည်း ဖျက်သိမ်းခဲ့ရာမှ ယခုအခါမှာတော့ တရားဝင် ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

မတ်လမှစကာ USAID အစီအစဉ်အားလုံးရဲ့ ၈၀% ကျော်ကို ဖျက်သိမ်းခဲ့ပြီး၊ အင်္ဂါနေ့ (ဇူလိုင် ၁ ရက်) တွင် ကျန်ရှိနေသေးတဲ့ အစီအစဉ်များကို နိုင်ငံခြားရေးဌာနနှင့် တရားဝင်ပေါင်းစည်းလိုက်ခြင်းနဲ့အတူ USAID ကို တရားဝင် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ အကြီးဆုံး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းဖြစ်တဲ့ USAID ကို ပိတ်သိမ်းလိုက်ခြင်းအပေါ် သမ္မတဟောင်းများဖြစ်ကြတဲ့ ဘာရက် အိုဘားမား (Barack Obama) နှင့် ဂျော့ချ် ဒဗလျူ ဘွတ်ရှ် (George W. Bush) တို့အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်ခဲ့ကြပါတယ်။။

၁၉၆၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ USAID မှာ ဝန်ထမ်း ၁ သောင်းခန့်ရှိပြီး သုံးပုံနှစ်ပုံမှာ ပြည်ပတွင် အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်။ သမ္မတ ထရမ့် ဒုတိယသက်တမ်း တက်လာပြီးနောက် အစောပိုင်းတွင် ဖက်ဒရယ်ဝန်ထမ်းအင်အားကို လျှော့ချရန် မူဝါဒချမှတ်ခဲ့ရာမှ ယခုလို USAID ပိတ်သိမ်းသည်အထိ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#USAID