၂၀၂၅၊ဒီဇင်ဘာလ၊၁၇ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ YBS ၈၄ ယာဉ်လိုင်းပေါ်ကို လိုက်ပါလာတဲ့ အသက် (၇၁) နှစ်အရွယ် အဘွားတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပဘုရားမှတ်တိုင် အရောက်မှာ လဲကျ သေဆုံးခဲ့တာလို့ မြင်တွေ့သူများက ပြောပါတယ်။
သေဆုံးသူ အဘွားရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးဆီ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
