Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်တွင် ကလေး(၁)ဦးရေနစ်သေဆုံး

၂၀၂၆၊မေလ၊၁၂ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်မှာ မနေ့က မွန်းလွဲ ၂နာရီခန့်က ကလေး(၁)ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မနေ့က ကန်နီရေကန်ကို ကလေး(ကျား(၂)ဦး )ရေဆင်းကူးရာမှ ရေနစ်နေခဲ့တာဖြစ်ပြီး အခင်းနေရာကို သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သ‌‌န္ဓေတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေကယ်ဆယ်ရေးတွေလုပ်ခဲ့ကြပါတယ်။

မွန်းလွဲ ၃နာရီ၂၅မိနစ်မှာတော့ ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်(ကျား)(၁)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး အသက်ရှင်ခဲ့တဲ့ ကျန်ကလေးငယ်(ကျား)(၁)ဦးကို မွန်းလွဲ ၃နာရီ၂၇မိနစ်မှာ ထပ်မံတွေ့ရှိခဲ့တာကြောင့် စကားဝါလူမှုကူညီရေးအသင်းနှင့် လောကအလင်းတန်းလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။