၂၀၂၆ခုနှစ်၊မေလ၊(၂၇)ရက်
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းမှုတွေကို
ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး မှာစတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး (အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမျှဝေခြင်းလုပ်ငန်းတွေလည်း ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးပါပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီ့နောက်မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက် မိုးကောင်းဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံး မျက်စိစမ်းသပ် စစ်ဆေးပေးမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။
