၂၀၂၆၊မေလ၊၂၀ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမှာ မနေ့ည ၁၁နာရီ ၃၀မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို ဟင်္သာတခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟင်္သာတနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥယျာဉ်တောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြဝတီအရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြပါတယ်။
ည၁၂နာရီမှာတော့ မီးကို အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။
