၂၀၂၅၊ဖေဖော်ဝါရီလ၊၂၅ရက်
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ထိုင်း၊ မြန်မာနဲ့ တရုတ်တို့ သုံးနိုင်ငံဆွေးနွေးဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆန်ယန်ဖွန်းကပြောခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံက ဦးဆောင်ပြီး ဒီအစည်းအဝေးဖြစ်မြောက်ဖို့ကြိုးစားသွားမှာဖြစ်သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ဖို့ မဟာဗျူဟာတွေချမှတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ ဒေသတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိမ်နင်းရေးအတွက် ဒေသတွင်း ဦးဆောင်လှုပ်ရှားမှုပြုလုပ်နေသလို အခုရက်ပိုင်းအတွင်းမှာဘဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ယန်ဖွန်းတို့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။
ဓါတ်ပုံ-GETTY Image
#mercury#mercuryvariety#ထိုင်း#မြန်မာ #တရုတ်#ကျားဖြန့်
