၂၀၂၆ ခုနှစ်၊ မေလ (၂၇)ရက်
ကလေးဝ၊မော်လိုက်၊ကွမ်းခြံကုန်းအနီး ငလျင် တွေ ခပ်စိပ်စိပ်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃) နာရီ၊ (၀၀) မိနစ်၊ (၅၄) စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၇၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့ရဲ့ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၆) ဒီဂရီ၊ အနက် (၇၈) ကီလိုမီတာကို ဗဟိုပြုပြီး ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၃၇) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၇၀) ကီလိုမီတာကို ဗဟိုပြုပြီး ပမာဏ ၄.၀(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၄၈)မိနစ်၊ (၃၃) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၆၂) မိုင်ခန့် ကွာဝေးသော မြန်မာ့ ပင်လယ်ပြင် (ကွမ်းခြံကုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၃၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၅.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၇)ဒီဂရီ၊ အနက်(၁၁) ကီလိုမီတာကို ဗဟိုပြုပြီး ပမာဏ ၃.၃(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။
