Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နီပေါရေဘေး သေဆုံးသူ ၇၉၄ ဦးရှိလာ၊ လူပေါင်း ၂၅၀၀ ကျော် ပျောက်ဆုံးနေဆဲ


၂၀၂၆၊ဩဂုတ်လ၊၃၁ရက်


နီပေါနဲ့ တိဗက်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုမှာ နီပေါဘက်ခြမ်းမှာ သေဆုံးသူ ၇၉၄ ဦးအထိရှိလာပြီး လူပေါင်း ၂၅၀၀ ကျော် ပျောက်ဆုံးနေသလို တရုတ် ထိန်းချုပ် တိဗက်ဘက်ခြမ်းမှာတော့ သေဆုံးသူ ၁၆ ဦးရှိပြီး နောက်ထပ် လူပေါင်း ၅၄၆ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။


နီပေါဘက်ခြမ်းမှာ ပျောက်ဆုံးနေသူတွေထဲ နိုင်ငံခြားသား ၃၂၀ ဦးလည်းပါ၀င်တယ်လို့ နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတွေကဖော်ပြပါတယ်။
ရေကြီးမှုတွေကြောင့် ကန်တစ်ခုအသွင်ဖြစ်ခဲ့တဲ့ နေရာကတော့ အခုတော့ ရေတဖြည်းဖြည်းပြန်ကျသွားပြီဖြစ်ပြီးရွှံ့နွံတွေ ပြိုကျလာနိုင်တဲ့အန္တရာယ်ရှိ မရှိကို ဆက်ပြီး ဆက်စောင့်ကြည်နေဖို့ နယ်စပ်တလျှောက် စောင့်ကြည့်ရေးဌာနတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တပ်လှန့်ထားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောထားပါတယ်။

A police officer carries the identification number tag for the body, arranged in a flower pot, at the Devghat mass burial site for victims of deadly flash floods and mudslides, in Chitwan, Nepal, August 30, 2026. REUTERS/Navesh Chitrakar
Identification number tags for bodies at the Devghat mass burial site for victims of deadly flash floods and mudslides, in Chitwan, Nepal, August 30, 2026. REUTERS/Navesh Chitrakar