၂၀၂၆၊အောက်တိုဘာလ၊၂၄ရက်
ဝေဖန်မှု မြင့်တက်နေတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲ Scarlet Heart Thailandဟာ လန်န၊ တိုင်၊ တရုတ်နဲ့ မြန်မာတို့ရဲ့ ကွဲပြားလှပတဲ့ အနုပညာ၊ ယဥ်ကျေးမှုသဏ္ဍာန်တွေကို မှီငြမ်းထားတယ်လို့ GMMTV ရုပ်သံလိုင်းက ထုတ်ပြောလာပါတယ်။
GMMTV က မြန်မာရဲ့အနုပညာနဲ့ ယဥ်ကျေးမှုကို မှီငြမ်းထားတာဖြစ်ပြီး ဒါဟာ ထိုင်းကိုယ်ပိုင်ယဥ်ကျေးမှုအဖြစ် ကိုယ်စားပြုဖော်ပြလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောထားပါတယ်။
ရုပ်ရှင်ထဲက ဥလ္လဝီဆိုတဲ့ မြို့ကလည်း စိတ်ကူးယဥ်သက်သက်သာဖြစ်သလို ယဥ်ကျေးမှုတစ်ခုချင်းစီရဲ့ တန်ဖိုးနဲ့ မူရင်းဇစ်မြစ်ကို လေးစားသလို ရုပ်သံဇာတ်လမ်းတွဲမှာ အသုံးပြုတဲ့ ယဥ်ကျေးမှုဆိုင်ရာဖော်ပြချက်ကြောင့် စိုးရိမ်မှု မြင့်တက်ခဲ့ရတဲ့အပေါ်လည်းတောင်းပန်ကြောင်း ရုပ်သံလိုင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
