Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကျောင်းနှင့်ဝေးခဲ့ရသူများPlacement Testဖြေဆိုပြီးကျောင်းပြန်တက်နိုင်ပြီဟုဆို

—————————

၂၀၂၆ခုနှစ်၊မေလ၊(၂၁)ရက်

ကျောင်းနှင့်ဝေးခဲ့ပြီး ကျောင်းပြင်ပရောက်ခဲ့ရသူတွေအနေနဲ့ မူလတန်းနှင့်အလယ်တန်းအဆင့်ပြန်တက်လို့ရပြီလို့ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၆ခုနှစ်၊ဇွန်လ(၁၅)ရက်ကနေ(၂၀)ရက်အတွင်း Placement Test‌ တွေကို သက်ဆိုင်ရာမြို့နယ်စာစစ်ဌာနတွေမှာစစ်‌ဆေးမှာဖြစ်ပြီး Grade1ကနေGrade8အထိစစ်ကာ အောင်မြင်သူတွေ Grade2ကနေGrade9အထိ တက်ရောက်ခွင့်ရမှာဖြစ်ကာ ကျရှုံးပါက Grade1ကနေGrade8 တန်းတွေမှာပြန်တက်ခွင့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ထုတ်ပြန်ချက်မှာတော့အကြောင်းအမျိုးမျိုးကြောင့်၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစပြီးကျောင်းပြင်ပရောက်ခဲ့တဲ့ကျောင်းသားများ Placement Test ဖြေဆိုပြီး ကျောင်းပြန်တက်လို့ရပြီလို့ ၂၀၂၆ခုနှစ်၊မေလ(၂၁)ရက်မှာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ မူလတန်းနှင့်အလယ်တန်းအဆင့်တွေအတွက် Grade အလိုက်ဖြေဆိုကြရမှာဖြစ်ပြီးအသက်၇နှစ်မှ၁၅နှစ်အကြားရှိသူများသာအကျုံး၀င်တယ်လို့ ဖော်ပြထားပါတယ်။