၂၀၂၆ခုနှစ်၊မေလ၊(၄)ရက်
ဗုဒ္ဓသာသနာတော်ကို ခက်ခဲစွာထိန်းသိမ်းခဲ့ရပုံကိုသိရှိစေဖို့ ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်အဖြစ် ‘မဟာမင်္ဂလာအထိမ်းအမှတ်အထူးပြပွဲ’ကိုမေလ(၁၀)ရက်အထိ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော် ပရဝုဏ်ထဲမှာ
ပြသထားတယ်လို့ လို့ သိရပါတယ်။
အထူးပြပွဲမှာပထမအကြိမ်မှဆဌမအကြိမ်အထိ သင်္ဂါယနာတင်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ဒီနေ့ခေတ်သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပြကွက်(၁၀)ကွက်ကိုပြသထားပါတယ်။
ပြပွဲမှာမင်းကွန်းဆရာတော်ကြီးကိုဆက်ကပ်ခဲ့တဲ့ ဆင်စွယ်ယပ်ဝန်း၊အင်္ဂလန်နိုင်ငံမှ မှာယူဆက်ကပ်ခဲ့တဲ့အသုံးအဆောင်ပစ္စည်းတွေ၊ထိုင်းပေ(၁၀)ချပ်၊ အိန္ဒိယ၊ကမ္ဘောဒီးယား၊လာအို၊တိုင်ပေ(တရုတ်)မှပစ္စည်းတွေ၊သီရိလင်္ကာပြခန်းမှ ပြကွက်တွေကိုလည်းပြသထားတယ်လို့ သိရပါတယ်။

