၂၀၂၆၊မေလ၊၁၂ရက်
ချဲလ်ဆီး အသင်းဟာ နည်းပြရာထူးနေရာအတွက် ဇာဗီအလွန်ဆိုကိုခန့်အပ်ဖို့ အလေးအနက် စဥ်းစားနေသလို အလွန်ဆို ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ခဲ့ကြောင်း The Athletic UK သတင်းဌာနရဲ့ သတင်းထောက် David Ornstein ကအတည်ပြုခဲ့ပါတယ်။
ဇာဗီအလွန်ဆို ကိုယ်တိုင်လည်း ချဲလ်ဆီး နည်းပြရာထူးအတွက် လမ်းဖွင့်ပေးထားကြောင်း သိရပါတယ်။
လက်ရှိမှာ အတည်ပြုရွေးချယ်လိုက်ပြီဆိုတဲ့အဆင့်မဟုတ်သေးဘဲ အလွန်ဆိုရဲ့ အိုင်ဒီယာကို စုံစမ်းမေးမြန်းတဲ့ အပိုင်းပဲရှိသေးသလို ဘုန်းမောက်နည်းပြ အန်တိုနီ အိုင်ရာအိုလာလည်း ရေပန်းအစားဆုံး စာရင်းမှာရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီး အသင်းရဲ့နည်းပြဖြစ်လာနိုင်တဲ့စာရင်းမှာ အလွန်ဆို ၊ အိုင်ရာအိုလာ ၊ မာကိုစ့်ဆေးဗားလ် ၊ ကလော့နာ ၊ ဖီလစ်ပီလူးဝစ် နဲ့အတူ ဆက်ဖာဘာရီဂတ်လည်း ပါဝင်နေကြောင်း သတင်းထောက် မတ်လောလည်းအတည်ပြုထားခဲ့ပါတယ်။
