———————————————————————–
၂၀၂၆ခုနှစ်၊မေလ၊(၆)ရက်
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN)နဲ့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) တို့ ပူးပေါင်းဆောင်ရွက်ကျင်းပတဲ့MYANWEN Friendship Badminton 2026ပြိုင်ပွဲအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို ဒီနေ့ ၂၀၂၆၊မေလ၊၆ရက်နေ့ M-Towerမှာနေ့လည်၁နာရီက ကျင်းပခဲ့ပါတယ်။
စာနယ်ဇင်း မိတ်ဆက်ပွဲကို မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား သက်ထားသူဇာ၊ဒေါ်သူဇာဝင်း(Vice President)၊ဦးမျိုးကျော်သူ(တွဲဖက် အတွင်းရေးမှူး (မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်))တို့က Representative အဖြစ်တက်ရောက်ခဲ့ကြပါတယ်။
MYANWEN Friendship Badminton 2026ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက်မှ (၂၄) ရက်အထိ MBF Court (မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကွင်း၊ ရန်ကုန်မြို့)မှာကျင်းပသွားမှာဖြစ်ပါတယ်။
ယှဉ်ပြိုင်ရမယ့် အမျိုးအစား (Categories)တွေကတော့ Men’s Doubles (အမျိုးသားနှစ်ယောက်တွဲ)၊Women’s Doubles (အမျိုးသမီးနှစ်ယောက်တွဲ)၊ Mixed Doubles (အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ)တို့ဖြစ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် Tournament Classes တွေကတော့ Novice Class (လူသစ်တန်း)နဲ့ Friendship Class(MYANWEN မိသားစုဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ချစ်ကြည်ရေးအတန်း)ဆိုပြီး နှစ်ခုခွဲခြားထားပါတယ်။
Novice Class (လူသစ်တန်း)က ကိုယ့်ရဲ့ ကစားအားကို စမ်းသပ်ချင်တဲ့ ဝါသနာရှင်များအတွက် အထူးသင့်လျော်ပြီး ဝင်ကြေး အဖြစ် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ကန့်သတ်ချက် အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ရွေးစင်များ၊ MBF အသိအမှတ်ပြု သက်တမ်းလိုက်ပြိုင်ပွဲ/လူသစ်တန်း/ ဝါသနာရှင်တန်းများမှာ ပထမ၊ ဒုတိယ၊ တတိယ ဆု ရဖူးသူ တွေကတော့ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။ဝါသနာရှင်တန်းမှာ ပြိုင်ဖူးပေမယ့်လည်း ဆုမရဖူးသူများကတော့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
Friendship Classကတော့ MYANWEN မိသားစုဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ချစ်ကြည်ရေးအတန်းဖြစ်ပြီး MYANWEN အသင်းဝင်များ နှင့် အခြားမိတ်ဘက်အသင်း အဖွဲ့အစည်းများရဲ့ အသင်းဝင်များ သာဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ဝင်ကြေး တစ်ဦးအနေနဲ့ ၄၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဆုကြေးငွေ ချီးမြှင့်မှုများမှာတော့ Novice Class(လူသစ်တန်း) အတွက် ပထမဆု ကို ၁,၅၀၀,၀၀၀ ကျပ် ၊ဒုတိယဆုကို ၁,၀၀၀,၀၀၀ ကျပ် ၊တတိယဆုကို ၅၀၀,၀၀၀ ကျပ် ချီးမြှင့်မှာ ဖြစ်ပါတယ်။
Friendship Class အတွက်ကိုတော့ ပထမဆုကို၅၀၀,၀၀၀ ကျပ် ၊ဒုတိယဆု ကို ၃၀၀,၀၀၀ ကျပ် တတိယဆု ကို ၁၀၀,၀၀၀ ကျပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
MYANWEN Friendship Badminton 2026ပြိုင်ပွဲအတွက် အသက်အရွယ်ကန့်သတ်ထားတာမရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ https://www.myanwen.org/event-details/myanwen-friendship-badminton-tournament-2026မှာ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိလိုပါက09400067010၊09797303080နဲ့[email protected]ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#MYANWEN#MBF#BadmintonTournament2026#SmashYourLimits#BadmintonMyanmar#FriendshipAndSports#Community#YangonEvents




