Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေးချက်များ ထုတ်ပြန်

၂၀၂၆၊ဇူလိုင်လ၊၉ရက်

ရန်ကုန်မြို့၊ ရန်ကုန်မြစ်နဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေတို့ ထူးကဲဒီရေ မြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်ပြီး ကြိုပြင်ဆင်ဖို့ သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ယနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့သလို ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်တယ်လို့ သိရပါတယ်။

မြစ်ရေဆက်တိုးနေတဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေကတော့ နောက်နှစ်ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်အရ ဒီမနက် ၈ နာရီအချိန်တိုင်းတာချက်အရလည်း ဒီနေ့ကနေ ဇူလိုင် ၁၇ ရက်အထိ ရန်ကုန်နဲ့ ကရင်ပြည်နယ်မှာ မိုးကြီးနိုင်သလို တခြားတိုင်းနဲ့ ပြည်နယ် ၉ ခုမှာလည်း မိုးကြီးနိုင်တယ် လို့ သိရပါတယ်။