Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာဖရိကတွင်အဖြစ်များနေသည့် အီဘိုလာရောဂါသံသရှိသူကိုမြန်မာ့အိမ်နီးချင်းအိန္ဒိယနိုင်ငံ၌တွေ့ရှိ

၂၀၂၆ခုနှစ်၊မေလ၊(၂၇)ရက်
အာဖရိကနိုင်ငံတွေမှာ ဆိုးရွားစွာဖြစ်ပွားနေတဲ့ အီဘိုလာရောဂါဖြစ်ပွားမှုကို WHOနဲ့ကျန်းမာရေးအဖွဲ့တွေက ထိန်းချုပ်ဖို့ကြိုးစားနေချိန်မှာအိန္ဒိယနိုင်ငံ Bengaluru မှာအီဘိုလာရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူ ယူဂန်ဒါအမျိုးသမီးကိုသီးခြားခွဲထားရတယ်လို့ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

တောင်အာရှနိုင်ငံဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်မယ့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး အိန္ဒိယရှိ နည်းပညာအချက်အချာကျသော Bengaluru မှာ ယူဂန်ဒါအမျိုးသမီးတစ်ဦးကို သီးသန့်ခွဲထားလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက မေလ(၂၇)ရက်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာစိုးရိမ်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ အိန္ဒိယနိုင်ငံမှာ မည်သည့်ရောဂါဖြစ်ပွားမှုမှ အစီရင်ခံခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီး Jagat Prakash Nadda က ပြောကြားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။