၂၀၂၆ခုနှစ်၊ဧပြီလ၊(၂၄)ရက်
နွေရာသီဖြစ်ပေမယ့် ဒေသ(၁၁)ခုမှာ နေရာကွက်ကျား မိုးထစ် ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ရေဦးမှာလည်း မိုးသက်လေပြင်းတွေတိုက်ခတ်ခဲ့ပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာဖို့ရှိတယ်လို့ ဆိုပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်တယ်လို့ သိရပါတယ်။
