Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းမုတ်သုံကြောင့်ရောမိုးတိမ်တောင်များကြောင့်ပါ မိုးထစ်ချုန်းရွာမည်

—————————————————–

၂၀၂၆ခုနှစ်၊မေလ၊(၂၂)ရက်

ရန်ကုန်တိုင်းအပါအဝင် ပဲခူး၊ဧရာဝတီစတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေ မိုးထစ်ချုန်းရွာသွန်းဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။

ဒီနေ့မေလ(၂၂)ရက်ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ထစ်ချုန်းမယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။