၂၀၂၆၊ဩဂုတ်လ၊၃၁ရက်
ပရီးမီးယားလိဂ် ပွဲစဉ် ၂ရဲ့ တနင်္ဂနွေည ပွဲစဉ်တွေ အပြီးမှာ ချဲလ်ဆီး၊မန်ယူတို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြပါတယ်။
ချဲလ်ဆီးက အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ၄ဂိုး-၃ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သလို မန်ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ တန်းတက် အစ်ဆွစ်တောင်းကို ၅ဂိုး-၂ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။
ယနေ့ တနင်္လာညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့အာဆင်နယ်လို့ ကစားသွားဖို့ ရှိနေပါသေးတယ်။
လက်ရှိမှာတော့ အမှတ်ပေးဇယားကို မန်ချက်စတာစီးတီးအသင်းက ၆မှတ်နဲ့ဦးဆောင်နေပါတယ်။

