၂၀၂၆ခုနှစ်၊အောက်တိုဘာလ၊(၂၈)ရက်
နေ့အပူချိန်တွေမြင့်တက်နေပေမယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်’’အရှိန်ကြောင့်တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်၊နေပြည်တော် အပါအဝင်ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်း သောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ် ကမ်းခြေတို့ကို ဘပတ်လမြို့(Bapatla)နှင့် ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက် အနီးမှ စတင်ဖြတ်ကျော်လျက်ရှိတယ်လို့ဆိုပါတယ်။
အောက်တိုဘာလ(၂၈)ရက်ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့မှာ နေရာကျဲကျဲနဲ့
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းဖို့ရှိပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင် များ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ် စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ဖို့ သတိပေးထားပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှာမိုးပို လာဖို့ရှိပါတယ်။
နေပြည်တော်၊ရန်ကုန်မြို့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းဖို့ရှိတယ်လို့ သိရပါတယ်။
