Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းကို ငါးဂိုးပြတ်နဲ့ရှုံးနိမ့်


၂၀၂၆၊စက်တင်ဘာလ၊၁၅ရက်


၂၀၂၆ အာရှအားကစားပြိုင်ပွဲ၊အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (F) အဖွင့်ပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းကို ငါးဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။


အာရှထိပ်သီး တောင်ကိုရီးယားအသင်းဟာ မြန်မာထက် အစစအရာရာ ပိုမိုကောင်းမွန်ခဲ့ပြီး နေရာစုံကနေ ထိုးဖောက်ကစားနိုင်ခဲ့တာကြောင့် မြန်မာအမျိုးသမီးအသင်းအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ မြောက်ကိုရီးယား၊ဘင်္ဂလားဒေရှ့်တို့နဲ့ထပ်ပြီးကစားရဦးမှာဖြစ်ပါတယ်။