———————————————-
၂၀၂၆ခုနှစ်၊ဧပြီလ၊(၂၀)ရက်
ထိုင်းမှာ မြေကြီးထဲဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ မြေတုပ်ကွေး ရောဂါ(Melioidosis)ကူးစက်မှုစိုးရိမ်ဖွယ် တိုးလာပြီး (၂၃)ဦးသေဆုံး သွားပြီလို့ ထိုင်းအခြေစိုက် The Nationသတင်းဌာနမှာဖော်ပြထား ပါတယ်။
ထိုင်းအစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Lalida Perisviwattana ကပြည်သူ့ကျန်းမာရေး၀န်ကြီးဌာနဟာ အခြေအနေကိုအနီးကပ် စောင့်ကြည့်နေပြီး 2026 ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ(၁၆)ရက်အကြားမှာ နိုင်ငံအတွင်း တိုးပွားလာသော အမှုပေါင်း(၇၃၂)မှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့ကူးစက်မှုတွေကြောင့် အခုနှစ်အစမှစတင်ပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး အစိုးရအနေဖြင့် ဘက်တီးရီးယားပိုးမွှားကူးစက်မှုကို သတိပြုနေထိုင်ကြဖို့ ပြည်သူတွေကို အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ တွေမှာသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
မြေတုပ်ကွေး (Melioidosis)ဟာ မြေကြီးထဲက ဘက်တီးရီးယား ကြောင့် ဖြစ်ပွားရတာဖြစ်တဲ့အတွက် မြေကြီး၊မသန့်ရှင်းတဲ့ရေတွေနဲ့ တိုက်ရိုက်မထိတွေ့အောင်နဲ့ မသန့်တဲ့ရေ၊မြေပါတဲ့အစားအစာတွေ မသုံးဆောင်မိအောင်နဲ့ မြေဖုန်မှုန့်တွေ အသက်ရူလမ်းကြောင်းမှ တစ်ဆင့်မကူးစက်အောင် နေထိုင်ပြီးကာကွယ်သင့်တယ်လို့ သိရပါတယ်။
