Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

TikTok ပိုင်ရှင် ရှန်ယီမင်း အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာကိုရောက်လာ

၂၀၂၆၊ဇွန်လ၊၉ရက်

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ရဲ့ ရှယ်ယာတန်ဖိုးတွေ ထိုးတက်လာတာနဲ့အတူ AI နည်းပညာပိုင်းမှာပါ အောင်မြင်မှုတွေ ဆက်တိုက်ရလာတာကြောင့် တည်ထောင်သူ ရှန်ယီမင်း (Zhang Yiming) ဟာ အိန္ဒိယသူဌေးကြီး မူကတ်ရှ်အမ်ဘာနီ (Mukesh Ambani) ကို ကျော်တက်ပြီး အာရှရဲ့ ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ဘလွန်းဘတ် ဘီလျံနာစာရင်း (Bloomberg Billionaires Index) အရ ရှန်ယီမင်းရဲ့ ဓနပစ္စည်းပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၈ ဘီလီယံအထိ ရှိလာပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပါ ဖြစ်လာပါတယ်။

အမေရိကန်လွှတ်တော်က နိုင်ငံတွင်းမှာ TikTok ကို ပိတ်ပစ်ဖို့အထိ ဖိအားပေးခဲ့လို့ ကုမ္ပဏီတန်ဖိုးအပေါ် စွန့်စားရမှု ရာခိုင်နှုန်းတွေ လျှော့ချတွက်ချက်ခံခဲ့ရဖူးပေမယ့် အခုအခါမှာတော့ အမေရိကန်လုပ်ငန်းခွဲအချို့ကို Oracle အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူအဖွဲ့ဆီ လွှဲပြောင်းရောင်းချမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာကြောင့် အမေရိကန်ရဲ့ နိုင်ငံရေးပိတ်ဆို့မှု မရေရာမှုတွေကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် ဘာပူပန်မှုမှမရှိတော့တဲ့ BlackRock ကဲ့သို့ ကမ္ဘာ့ထိပ်သီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကုမ္ပဏီတန်ဖိုး သတ်မှတ်ချက်အသစ်တွေအရ ရှန်ယီမင်းရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၄ ဘီလီယံကျော် ချက်ချင်းတိုးပွားလာခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဘီလျံနာကြီး မူကတ်ရှ်အမ်ဘာနီကတော့ ဒေါ်လာ ၈၆ ဒသမ ၉ ဘီလီယံနဲ့ အာရှတတိယနေရာကိုရောက်သွားပြီး ါတမ်အဒါနီ (Gautam Adani) ကတော့ ဒေါ်လာ ၁၁၇ ဒသမ ၄ ဘီလီယံနဲ့ အာရှရဲ့ အချမ်းသာဆုံးနေရာမှာ ဆက်ပြီး ရပ်တည်နေဆဲ ဖြစ်ပါတယ်။