၂၀၂၆၊ဇူလိုင်လ၊၉ရက်
(Meta) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ် ဟာ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ သူ့ရဲ့ Koʻolau Ranch ခြံမှာ ကမ္ဘာ့အရည်အသွေး အမြင့်ဆုံး အမဲသားတွေ ထုတ်လုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
ဇူကာဘတ်ဟာ Wagyu နဲ့ Angus နွားမျိုးစပ်တွေကို မွေးမြူနေပြီး နွားတွေကို လှော်ထားတဲ့ မက်ကာဒေမီးယားစေ့တွေနဲ့ သူကိုယ်တိုင်ချက်ထားတဲ့ ဘီယာတွေကို ကျွေးမွေးနေတာဖြစ်ပါတယ်။
မတ်ခ်ဇူကာဘတ်ရဲ့ ပြောကြားချက်အရ မက်ကာဒေမီးယားစေ့တွေဟာ စွမ်းအင်ကြွယ်ဝတာကြောင့် နွားတွေ ဝဖြိုးလာစေဖို့ ကူညီပေးပြီး ဘီယာကတော့ နွားတွေရဲ့ အစာစားချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
ဇူကာဘတ်က ဒီနွားမွေးမြူရေးဟာ စီးပွားရေးအရ ရောင်းချဖို့ မဟုတ်ဘဲ နွားတွေရဲ့ မျိုးရိုးဗီဇနဲ့ အာဟာရကျွေးမွေးမှုဆိုင်ရာ စမ်းသပ်မှုတစ်ခုအဖြစ် သူ့ရဲ့ ဝါသနာအရ ပြုလုပ်နေတာ ဖြစ်ပါတယ်။
နည်းပညာနယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ မတ်ခ်ဇူကာဘတ်အတွက်တော့ အဲဒီလို ဝါသနာပါရာ ကိုယ်ပိုင်စီမံကိန်းတွေ လုပ်ဆောင်ခြင်းက အလုပ် ဖိအားတွေကို လျှော့ချပေးပြီး စိတ်သစ်လူသစ် ဖြစ်စေတယ်လို့ သိရပါတယ်။
Ref: Times of India
