Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကျသွားမည်၊ မိုးကြီးခြင်း၊ မိုးသက်လေပြင်းများ၊လေအေးစိမ့်ခြင်းများဖြစ်ပေါ်နိုင်သေး

၂၀၂၆ခုနှစ်၊နိုဝင်ဘာလ၊(၂)ရက်
ဘင်္ဂလားပင်လယ်အော်မှ အိန္ဒိယသို့ ရွေ့လျားနေတဲ့ဆိုက်ကလုန်းမုန်တိုင်းမကြာမီအရှိန်ကျသွားမှာဖြစ်ပြီး နိုဝင်ဘာလ(၃)ရက်အထိတော့ မိုးကြီးခြင်း၊ မိုးသက်လေပြင်းတွေ၊လေအေးစိမ့်ခြင်းများဖြစ်ပေါ်နိုင်သေးတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေဖြတ်ကျော်ဝင်ရောက်ပြီးနောက် အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ တိုးဝင်ကာ မုန်တိုင်းအရှိန် လျင်မြန်စွာ လျော့နည်းသွားပြီး နိုဝင်ဘာ ၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း၊ အားကောင်းသော မုန်တိုင်းငယ်နဲ့ နိုဝင်ဘာ ၄ ရက်မှာ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ဆက်လက်ပြီး အရှိန်ကျဆင်းသွားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ(၂)ရက်(၃)ရက်တို့မှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှာ မိုးအသင့်အတင့်မှ နေရာကွက်မှာ မိုးကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးအသင့်အတင့် ရွာနိုင်ပြီး၊ မြောက်ပိုင်းမှ အေးစိမ့်သော လေထုနှင့် ထိတွေ့မှုကြောင့် အခါလွန်မိုးနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်းနဲ့
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ဒေသများတွင် မိုးနည်းနေမည်ဖြစ်ပြီး ရာသီဥတု ပုံမှန်အေးမြနေမှာဖြစ်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
နိုဝင်ဘာ ၄ ရက်နောက်ပိုင်းမှာ မုန်တိုင်းအရှိန် လျော့ပါးသွားတာနဲ့အမျှ မြန်မာနိုင်ငံအထက်ပိုင်းမှ စိမ့်ဝင်လာသော မြောက်လေအေးကြောင့် မိုးရွာသွန်းမှုများ ပြန်လည်ပါးသွားမှာဖြစ်တယ်လို့ သိရပါတယ်။