Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)တွင် မီးလောင်


၂၀၂၆၊မေလ၊၄ရက်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)မှာ ယနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။


ယနေ့မနက် ၇နာရီကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရာကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြပါတယ်။


မနက် ၈နာရီ ၃၀မိနစ်အချိန်မှာတော့ မီးကို အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။