Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အက်စတန်ဗီလာအသင်း ဖရိုင်းဘာ့ဂ် အသင်းကိုနိုင်ပြီး ယူရိုပါလိဂ် ဖလား ဆွတ်ခူး

၂၀၂၆၊မေလ၊၂၁ရက်

ဥရောပ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ် အက်စတန်ဗီလာအသင်းက ဂျာမနီကလပ် ဖရိုင်းဘာ့ဂ် အသင်းကို ၃-၀ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်လာပါတယ်။

ယခုဆုဖလားက အက်စတန်ဗီလာအတွက် အနှစ် ၃၀ အတွင်း ပထမဆုံးဆုဖလားဖြစ်သလို ၄၄ နှစ်အတွင်း ပထမဆုံး ဥရောပဖလား ရရှိတာလည်း ဖြစ်ပါတယ်။

အက်စတန်ဗီလာနည်းပြ အူနိုင်း အမ်မရီဟာလည်း ငါးလုံးမြောက် ယူရိုပါလိဂ် ဖလားဖြစ်ပြီး ဒီပွဲကို ဗီလာရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်တဲ့ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား ဝီလျံလည်း တက်ရောက်အားပေးခဲ့ပါတယ်။

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာအတွက် အနိုင်ဂိုးတွေကိုတော့ တီယယ်လမန်စ်၊ ဘွမ်ဒီးယားနဲ့ ရော်ဂျာစ်တို့က သွင်းယူခဲ့ပါတယ်။

#mercury#mercurynews#europaleague#AstonVilla#အားကစားသတင်း