Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

UFC ဝိတ်တန်းစုံအကောင်းဆုံးဖိုက်တာ အဆင့်သတ်မှတ်ချက် ဂျိုရှုအာဗန် အဆင့် ၄ ရောက်လာ


၂၀၂၆၊စက်တင်ဘာလ၊၂၂ရက်


ဒီနေ့ထုတ်ပြန်လိုက်တဲ့ UFC ရဲ့ဝိတ်တန်းစုံအကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်မှာ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကာကွယ်ခဲ့တဲ့ ဂျော့ရှ်ဝါဗန်က အဆင့် ၆ ဆင့်ခုန်တက်ပြီး နံပါတ် ၄ နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။


ဂျိုရှုအာဗန်ဟာ အသက် ၂၅ နှစ်မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ အောင်မြင်မှု ၂ ကြိမ်နဲ့ ဂျွန်ဂျုံးစ် ( ၃ ကြိမ်) နောက် အဆင့် ၂ နေရာမှာရှိနေသလို အသက် ၂၅ နှစ်မပြည့်ခင် ယူအက်ဖ်စီနိုင်ပွဲအများဆုံးရဖိုက်တာစာရင်းမှာ ဂျွန်ဂျုံးစ် (၁၀ ပွဲ) ကို ကျော်ဖြတ်ပြီး မက်စ်ဟော်လိုဝေး (၁၂ ပွဲ) နောက် ဒုတိယနေရာမှာ ရှိနေပြီဖြစ်ပါတယ်။


ဂျိုရှုအာဗန်ဟာ ပန်တိုဂျာနဲ့ပွဲအပြီးမှာ အရေးပါတဲ့ထိုးချက် စုစုပေါင်း ၁,၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို (၁,၃၇၅ ကြိမ်) ကို ကျော်ဖြတ်ပြီး ဖလိုင်းသမိုင်းတလျှောက် အများဆုံးကစားသမား ဖြစ်လာပါတယ်။