၂၀၂၆၊အောက်တိုဘာလ၊၂၄ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ရေကူးလမ်းမှာ အောက်တိုဘာလ၂၃ရက် ည၁၀နာရီ ၃၇မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များထွက်ခွာမီးငြိမ်းသတ်ခဲ့ကြပါတယ်။
ည ၁၁နာရီ ၄၆မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၁၁နာရီ ၄၉မိနစ်မှာကို မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
