၂၀၂၆၊ဩဂုတ်လ၊၃၁ရက်
ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အချို့မှာ ကာလဝမ်းရောဂါစိုးရိမ်မှုကြောင့် တာဝန်ရှိသူတွေက မုန့်ဟင်းခါးဆိုင်တွေကို ယာယီပိတ်ခိုင်းထားတယ်လို့ မုန့်ဟင်းခါး ရောင်းချသူတွေထံက သိရပါတယ်။
“ဝမ်းရောဂါတွေဖြစ်နေလို့ ယာယီပိတ်ထားပေးပါလို့ ပြောထားတာ။ဆိုင်မဖွင့်တာ ၂ရက်ရှိပြီ။အခုအနေအထားအရ လုပ်သင့်တာမို့လို့ ပိတ်ထားပေးရတာပေါ့”လို့ သင်္ကန်းကျွန်းမြို့နယ်က မုန့်ဟင်းခါးရောင်းချသူ တစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ ဝမ်းရောဂါ စိုးရိမ်မှုတွေရှိနေပြီး ဖြစ်ပွားမှုနှုန်း နည်းလာပေမယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း ဝမ်းရောဂါကြောင့် ဆေးရုံတက်ရသူတွေရှိနေဆဲလို့လည်း သိရပါတယ်။
ဓါတ်ပုံ-အင်တာနက်
