၂၀၂၄၊စက်တင်ဘာလ၊၁၉ရက်
ချန်ပီယံလိဂ်ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်ဟာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်တာကြောင့် အနိုင်ရလဒ်ရရှိအောင် ကြိုးစားခဲ့ပေမဲ့ အင်တာမီလန်အသင်းကလည်း အမှားအယွင်းမရှိခဲ့ဘဲ သရေရလဒ်ကို ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းကိုခက်ခက်ခဲခဲ ရင်ဆိုင်ကစားခဲ့အပြီး လာမဲ့၂၂ရက်နေ့မှာတော့ အာဆင်နယ်အသင်းနဲ့ ပွဲကြပ်ကို ထပ်ကစားရအုံးမှာဖြစ်ပါတယ်။
