Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်ယူနိုက်တက် က ချဲလ်ဆီးကွင်းလယ်လူ အန်ဒရေ ဆန်းတို့ကို ခေါ်ယူရန် သဘောတူညီမှုရ

၂၀၂၆၊ဇူလိုင်လ၊၉ရက်

မန်ယူအသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမား အန်ဒရေ ဆန်းတို့ကို ပေါင်သန်း၅၀နဲ့ ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားဖြစ်သူနှင့်လည်း သဘောတူညီမှုရရှိထားပြီဖြစ်တာကြောင့် ဆေးစစ်မှုပြီးစီးပါကမကြာခင်ရက်ပိုင်းအတွင်းနှစ်သင်းစလုံးဘက်မှ တရားဝင် ထုတ်ပြန်သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။

အန်ဒရေ ဆန်းတို့ ဟာ ဘရာဇီးလ် ကလပ် ဗတ်စကိုဒဂါးမားကနေ ချဲလ်ဆီးကို ပြောင်းရွေ့လာပြီးနောက် အငှားထွက်ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ချဲလ်ဆီးအသင်းကြီးနဲ့ပူးပေါင်းခွင့်ရခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

အပြောင်းအရွေ့စာချုပ်မှာ အနာဂတ်ကာလမှာ မန်ယူအသင်းက ဆန်းတို့ကို ပြန်လည်ရောင်းချခဲ့ပါက ချဲလ်ဆီးအသင်းက အပြောင်းအရွေ့ရဲ့ ၁၀%ကို ပြန်လည်ခံစားခွင့်ရှိမယ့် အချက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။