Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗြိတိန်၏ အမေရိကန်ဆိုင်ရာသံအမတ်ကြီး Peter Mandelsonကို ရာထူးက ထုတ်ပယ်ခံရ

လိင်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ နာမည်ကျော်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးသမားJeffrey Epstein နဲ့ ဗြိတိန်ရဲ့ အမေရိကန်ဆိုင်ရာသံအမတ်ကြီး Peter Mandelson တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် သံအမတ်ရာထူးမှ ထုတ်ပယ်ခံလိုက်ရတယ်လို့ CNN သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်၊ ကြာသပတေး နေ့က ဗြိတိန်ဝန်ကြီးချုပ် Keir Starmer အတွက်နောက် ထပ် ခေါင်းခဲစရာ ပြဿနာတစ်ခုအဖြစ် ပြစ်မှု ကျူးလွန်သူ လိင်မှုရေးရာရာဇဝတ်သား Jeffrey Epstein နဲ့ ဗြိတိန်ရဲ့ အမေရိကန် ဆိုင်ရာသံအမတ်ကြီး Peter Mandelson တို့ရဲ့ ဆက်ဆံရေးက ပေါ်ပေါက်လာခဲ့ပြီး နောက် သံအမတ်ကြီး Peter Mandelson ကို ရာထူးမှ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

သံအမတ်ကြီးPeter Mandelson ဟာ အမေရိကန်ဘဏ္ဍာရေးသမား ၊ရာဇဝတ်သား Epstein နဲ့ ပတ်သက်တဲ့ဆက်ဆံ ရေးနဲ့ပတ်သက်ပြီး အမေရိကန် အောက်လွှတ် တော်အမတ်တွေရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ “birthday book” တစ်ခုကြောင့် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

အဲဒီ့စာအုပ်ဟာ ၂၀၀၃ ခုနှစ်က Epstein ရဲ့ အသက် ၅၀ ပြည့် မွေးနေ့အတွက် ပြုစုထားတာဖြစ်ပြီး၊ အဲဒီစာအုပ်ထဲမှာ ဝါရင့် Labour ပါတီဝင် နိုင်ငံရေးသမား Peter Mandelson ဟာ Epstein ကို “ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း” လို့ ဖော်ပြထားတဲ့ လက်ရေးစာတစ်စောင်ကို ရေးသားထားတာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Jeffrey Epstein (ဂျက်ဖရီ အက်ပ်စတိုင်း) ဆိုတာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမေရိကန်ဘဏ္ဍာရေးသမားတစ်ဦးနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လိင်မှုရာဇဝတ် သားတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ လိင်ကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားပြီး အကျဉ်းထောင်ထဲမှာအ၊ဆုံး စီ၊ရင်သွားသူတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်သံအမတ်#PeterMandelson