၂၀၂၆၊စက်တင်ဘာလ၊၈ရက်
စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄/ဝ) နှင့် (၃၄/၁) ကြားမှာ ပုသိမ်ကနေ ရန်ကုန်သို့ မောင်းနှင်လာတဲ့ MARK ll ယာဉ်တစ်စီး လမ်းချော်ပြီး ကုက္ကိုပင်ကို တိုက်မိကာ ယာဉ်ပေါ်ပါနှစ်ဦး သေဆုံးကြောင်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး အခင်းဖြစ်ရာကို ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေကို သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
