ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို တရားရုံးချုပ်က ယနေ့ (စက်တင်ဘာ ၉ ရက်)မှာ ထောင်ဒဏ်တစ်နှစ် ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း The Nation သတင်းဌာနက ဖော်ပြပါတယ်။
သက်ဆင်ဟာ မကြာသေးမီက ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝါထရာနဲ့အတူ ၁၄ ထပ်အမှုရင်ဆိုင်ရန် တရားရုံးချုပ်သို့ ဒီနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။
တရားရုံးချုပ်က သက်ဆင်အား ဒီနေ့မှစတင်ကာ ထောင်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချခဲ့ပြီးဆေးကုသမှုနှင့် ပြောင်းရွှေ့မှုလုပ်ငန်းစဉ်များဟာ အကျဉ်းထောင်စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
စီရင်ချက်ချပြီးနောက် သမီးဖြစ်သူ ပေတုန်တန်က ဖခင်ဖြစ်သူဟာ ထောင်ဒဏ်ကျခံရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
#mercury#mercurynews#ထိုင်း#၀န်ကြီးချုပ်#သက်ဆင်#အာဆီယံ