Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆောင်းတွင်းတွင် လေဖိအားနည်းရပ်၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်၊

(၃)ကြိမ်မုန်တိုင်းငယ်ဖြစ်နိုင်၊

—————————————————————————————

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၈)ရက်

ဆောင်းတွင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လေဖိအားနည်းရပ်၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ (၃)ကြိမ်မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ဧရာဝတီတိုင်း တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး ကချင်ပြည်နယ်မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ဧရာ၀တီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသတွေ၊ ကုန်းမြင့်နဲ့ တောင်တန်းဒေသတွေမှာ ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ရာသီဉတု