Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၀၀ ပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ ဟက်ကာကျေးရွာရှိ မအားထင်(ခ)ရှောက်လန် (၃၀ နှစ်) ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၀၀ ပြား (ဒေသကာလပေါက်ဈေး ကျပ် ၇၄ သိန်းခန့်) နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသူ မအားထင်(ခ)ရှောက်လန်ကို လားရှိုးနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း CCDACက ထုတ်ပြန်ထားပါတယ်။

#mercury#mercuryvareity#မြန်မာ#မှုခင်း#မှုးယစ်ဆေးဝါး