Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောက် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုတွင် မိုးရွာနိုင်

၂၀၂၅၊မေလ၊၈ရက်

နောက်၂ရက်အတွင်း မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ မိုးရွာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ယနေ့ညနေအထိ နေပြည်တော်၊ရန်ကုန်မြို့၊မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Mercury News

#mercury#mercurynews#ပြည်တွင်းသတင်း