ချဲလ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်မှုး မာ့ဂီယူးဟာ အသင်းနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း နည်းပြမာရက်စကာ ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ယော်ဂါးဒင်းအသင်းနဲ့ ကစားရမယ့် ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ မာရက်စကာက “အသင်းမှာ ဒဏ်ရာပြဿနာက တော်တော်ကင်းစင်နေပါပြီ။မာ့(ဂီယူး)လဲ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီ။ရာသီကုန်ခါနီးမှာ လူပြန်စုံလာတာက ကောင်းတဲ့အချက်ပါဘဲ။”လို့ပြောခဲ့တာပါ။
မာ့ဂီယူးဟာ ဒီနှစ်ဘောလုံးရာသီအစမှာ ဘာစီလိုနာကနေ ချဲလ်ဆီးဆီ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ၁၀ပွဲကစားကာ ၆ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။
#mercury#mercurynews#guiu#chelsea