Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဗာကူဆင်နည်းပြ ဇာဗီအလွန်ဆို ရာသီကုန်တွင် ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာမည်

၂၀၂၅၊မေလ၊၁၂ရက်

လေဗာကူဆင်အသင်းရဲ့ နည်းပြ ဇာဗီအလွန်ဆိုဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ သဘောတူညီမှုရသွားခဲ့ပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်တဲ့ ဇာဗီအလွန်ဆိုကို သုံးနှစ်စာချုပ်နဲ့ ခန့်အပ်သွားမှာဖြစ်ပြီး လာမယ့် ဖီဖာကလပ်ကကမ္ဘာ့ဖလားမှာ စတင် တာဝန်ယူကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ဇာဗီအလွန်ဆိုဟာ ဂျာမန်ဘွန်ဒက်လီဂါမှာ အလယ်အလတ်အသင်းဖြစ်သွားတဲ့ လေဗာကူဆင်ကို အသင်းကြီးတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေလည်း ရရှိထားခဲ့သူဖြစ်ပါတယ်။

#Mercury#mercurynews#အားကစား#realmadrid#xavialonso