၂၀၂၅ခုနှစ်၊ဇွန်လ(၁၆)ရက်
အခုရက်ပိုင်းမှာ မြန်မာ့ရွှေဈေးက ရည်ညွှန်းဈေးမှာရော ပြင်ပဈေးမှာပါ ခုန်တက်လာတယ်လို့ ရွှေဈေးကွက်ဖော်ပြနေသူတွေထံမှသိရပါတယ်။
ရက်ပိုင်းအတွင်း ရွှေတစ်ကျပ်သားကို YGEA ရည်ညွှန်းဈေး(၅၈)သိန်းကျော်မှ (၅၉)သိန်းနဲ့ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဒီ့အပြင် ပြင်ပရွှေဈေးအနေနဲ့ တစ်ကျပ်သားကို ကျပ်(၇၇)သိန်းကျော်ရှိရာမှ သိန်း(၈၀)ကျော်လာတယ်လို့ သိရပြီး ရန်ကုန်တိုင်းအတွင်း ရွှေရောင်းဝယ်သူတွေ အနေနဲ့ YGEA ရဲ့ရည်ညွှန်းဈေးဖြင့်သာ ရောင်းဝယ်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
photo Credit -မူရင်း
#mercury#mercurynews#မြန်မာ#ရွှေဈေး#ပြည်တွင်းသတင်း