Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်အမေရိက၊ ဆူရီနမ်နိုင်ငံ၌ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ

———————————————————————–

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၇)ရက်

တောင်အမေရိကမြောက်ပိုင်းရှိ ဆူရီနမ်နိုင်ငံရဲ့ ပါလီမန်ဟာ မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးမှာ ဒေါက်တာ ဂျနီဖာ ဆိုင်မွန်စ်အား ဆူရီနမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ပြီ ဖြစ်တယ်လို့ CNNသတင်းဌာနမှ ဖော်ပြထားပါတယ်။

ဥပဒေပြုအမတ်တွေက သူမခန့်အပ်ခံရတာကို လက်ခုပ်တီးပြီး အတည်ပြုပြီးနောက် Simons (၇၁ နှစ်) က မိန့်ခွန်းတိုတစ်ခုမှာ “ကျွန်မ ဒီရာထူးကို အမှုထမ်းဖို့ လာတာပါ၊ ကျွန်မတို့ရဲ့ ကြွယ်ဝမှုကို ကျွန်မတို့လူမျိုးအားလုံးအတွက် ရရှိစေဖို့ ကျွန်မရဲ့ အသိပညာ၊ ခွန်အားနဲ့ ထိုးထွင်းသိမြင်မှုအားလုံးကို အသုံးပြုသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆိုင်မွန်စ်ဟာ အထူးသဖြင့် လူငယ်တွေနဲ့ အခွင့်အလမ်းကောင်းတွေ မရရှိသေးသူတွေအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“ကျွန်မတို့ပခုံးပေါ် ရောက်နေတဲ့ တာဝန်ကို ကျွန်မ ကောင်းကောင်းသိပါတယ်။ ဒီတာဝန်က ကျွန်မ ပထမဆုံးအမျိုးသမီးအဖြစ် ဒီရာထူးကို ရယူရတာဖြစ်လို့ ပိုပြီးလေးနက်နေပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇူလိုင် ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ဆူရီနမ်