ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ယခင်ဈေးဟောင်းအတွင်းက ဆိုင်ခန်းများဟာ မနေ့ (စက်တင်ဘာ ၃၀ ရက်)က ည ၉ နာရီ ၁၇ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၄ စီးအပါအဝင် သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မီးလောင်#မြန်မာ#ပြည်တွင်းသတင်း