မြန်မာနိုင်ငံမှာ တွေ့ရှိကြောင်း မှတ်တမ်းမရှိသေးတဲ့ ကချင်ဝမ်းဗိုက်ဝါ ဖားပြုတ်ကြီး မျိုးစိတ်ကို ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်ရွာမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် မှတ်တမ်းရယူနိုင်ခဲ့ကြောင်း Native Species Conservation And Identification In Myanmar (NSCI) အဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ခြေထောက်မှာ ရေယက်ကြီးများ ပါဝင်တဲ့ အဆိုပါ မျိုးစိတ်ကို Large-webbed Bell Toad သို့မဟုတ် Large fire-bellied Toad ဟုလည်း ခေါ်ဆိုကြပြီး မူလက တရုတ်နိုင်ငံမှာသာ တွေ့ရှိရကြောင်း မှတ်တမ်းတင်ထားပါတယ်။
NSCI အဖွဲ့ဝင် ကိုသန်းထိုက်အောင်က ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်ရွာရှိ ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ ၁၅၃၀ ရှိတဲ့ တောင်ပေါ်မှာ ၂၀၂၃ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး ပုံများကို NSCI ဖေ့စ်ဘုတ်ဂရု တင်ခဲ့ရာမှ စာတမ်းတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ကချင်ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ ဝမ်းဗိုက်ဝါ ဖားပြုတ်ကြီးရဲ့ ထူးခြားချက်မှာ ဝမ်းဗိုက်မှာ အဝါရောင်အကွက်များ ပါဝင်ခြင်း၊ ခြေထောက်မှာ ရေယက်ပြားအကြီးကြီးများ ရှိခြင်း၊ ကိုယ်ပေါ်မှာ ဘုများပါရှိခြင်းနှင့် အဆိပ်ရှိခြင်းတို့ ဖြစ်ကြောင်း သိရပါတယ်။
ဓါတ်ပုံ-NSCI
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ကချင်ဝမ်းဗိုက်ဝါဖားပြုတ်ကြီး#Large-webbedBellToad
