မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ညနေ (၄) နာရီ (၅၀) မိနစ်ခန့်က ကျောက်တင်ကား(၁)စီးတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသမီးနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ပေါင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
ယာဉ်ပေါ်မှာ စုစုပေါင်း လူ (၃) ဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီး (၂) ဦး မှာ နေရာမှာဘဲ သေဆုံးခဲ့ကာ အမျိုးသား (၁) ဦး မှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများရဲ့ ရုပ်အလောင်းအား အနန္တမေတ္တာလူမှုကယ်ဆယ်ရေးအသင်း မှ ယာဉ်နဲ့ မုတ္တမတိုက်နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ #ပြည်တွင်းသတင်း
